published at :

ဘဝမှာ အခါခါလဲကျတိုင်းအခါခါအားတင်းပြန်ထနိုင်အောင်

ကိုယ့်ကိုယ်ကို အံ ကြိတ်ပြီး နှစ်သိမ့်ပေးတတ်ရမယ်နော်

ဘဝမှာ ပြစ်တင်ဝေဖန်ခံရတိုင်း

တစ်နေ့အောင်မြင်စေရမယ်လို့မှတ်ပြီး ကြိုးစားရမယ်

ဘဝမှာ နှိမ့်ချဆက်ဆံခံရတိုင်း
ဒီဘဝကနေအမြန်ဆုံးရုန်းထွက်နိုင်အောင် ကြိုးစားပါ

လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့ အမျိုးမျိုးရှာကြံအပြစ်တင်နေတတ်တဲ့
ပတ်ဝန်းကျင်မှာနေသားကျဖို့ ကိုယ်ဘယ်လိုလူဆိုတာပြဖို့ လိုတယ်
အတွေး တိမ်လွန်းတဲ့ သူတွေကိုလည်း ရှင်းမပြချင်နဲ့တော့ ရှင်းလေ ရှုပ်လေ ဖြစ်တတ်တယ်

ကံမကောင်း အကြောင်းမလှလို့ ကိုယ်ရဲ့ ရွေးချယ်မှု မှားယွင်းသွားမှန်းသိရင် ဖြစ်သမျှ အကောင်းချည်းပဲဆိုပြီး ကြိတ်မှိတ်မခံစားပါနဲ့
တစ်သက်လုံး စိတ်ဆင်းရဲတဲ့ဘဝရောက်ပြီး နစ်မွန်းသွားလိမ့်မယ်

အဲ့ဒီမှားယွင်းမှုထဲက ဘာကိုမျှ မငဲ့ညှာပဲ ရုန်းထွက်ပါ။

ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ့ကိုင်ပြီး အစက ပြန်စလိုက်ပါ

အရှေ့မှာ မျှော်လင့်ချက်အသစ်တွေ ရှိတယ် ၊ လှပတဲ့ အနာဂါတ်တွေ ရှိတယ်။

ဘဝရဲ့ ပျော်စရာအကောင်းဆုံးအချိန်က
ကိုယ်စွန့်လွှတ်သင့်တာကို မနှမြောပဲ လက်လွှတ်ချလိုက်နိုင်တဲ့ အချိန်ပါပဲ။

ဘဝမှာ ကိုယ့်ခြေထောက်ပေါ် ယုံကြည်ချက်အပြည့်နဲ့ရပ်တည်နိုင်ဖို့
ဘယ်လောက်ထိ စိတ်ဓာတ်ခိုင်မာရမယ်ဆိုတာ သိထားပါနော်

ဘယ်အရာပဲဖြစ်ဖြစ်
ခံနိုင်ရည်ရှိပြီး သတ္တိရှိဖို့တော့ လိုပါတယ် သူငယ်ချင်း။


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON