published at :

            ပုံမှန်အလုပ်ချိန် တစ်နေ့ ၈ နာရီမှာ နေ့လယ်ထမင်းစားချိန်ဟာ အလုပ်လုပ်ကိုင်နေတဲ့သူတွေအတွက် ခဏတာ အနားယူရချိန်လို့ ဆိုရမှာဖြစ်ပါတယ်။ မနက်ပိုင်း အလုပ်လုပ်ခဲ့ရလို့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ထမင်းစားပြီး ညနေပိုင်းအလုပ်တွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ နေ့လယ် ထမင်းစားချိန်မှာ အလုပ်လုပ်ကိုင်သူတွေဟာ ကိုယ်ပိုင်အချိန်တစ်ခုဖြစ်တာကြောင့် ထမင်းစားပြီးချိန် မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာ တစ်ခုခုကို လုပ်ဆောင်လေ့ရှိကြပါတယ်။ ထမင်းစားချိန် ၁နာရီ ရတဲ့အချိန်မှာ အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့သူတွေကတော့ ဒီလိုအချက်လေးတွေကို လုပ်ဆောင်လေ့ရှိကြပါတယ်။

(၁)    တွစ်တာရဲ့တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်တဲ့ အီဗန်ဝီလီယံက“ထမင်းစားချိန်ဆိုရင်အများစုဟာ ကိုယ် လုပ်နေတဲ့အကြောင်းတွေကို စဉ်းစားလေ့ မရှိကြပါဘူး။ ဒါဟာ မှန်ကန်တဲ့လုပ်ဆောင်မှုတစ်ခုတော့မဟုတ်ပါဘူး။ ထမင်းစားပြီးတဲ့အချိန်မှာ မိနစ် ၂၀ လောက် ကိုယ်ပိုင်အချိန်တစ်ခုထပ်ပြီး အသုံးပြုလို့ ရသေးပေမဲ့ ကျန်တဲ့အချိန် လေးမှာ ညနေပိုင်းအလုပ်ချိန်အတွက် ပြင်ဆင်မှု၊လေ့လာမှုတွေကိုလုပ်ဆောင်ထားတာမျိုးတွေ လုပ်ဆောင် သင့်တယ်” လို့ ပြောခဲ့ပါတယ်။

(၂)    ထမင်းစားချိန်မှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေဟာ အခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ထမင်းဝိုင်းဖွဲ့ပြီး စားသောက်သင့်ပါတယ်။ သာမန်အလုပ်ချိန်မှာ ဆိုရင် ကိုယ်တာဝန်ယူထားရတဲ့အလုပ်ကို လုပ်ကိုင်နေရတာ ကြောင့် လုပ်ဖော်ကိုင်ဖက်ချင်း စကားမပြောဖြစ်ပေမဲ့ ထမင်းစားချိန်မှာတော့ စကားပြောပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့လုပ်ငန်းတွေအများစုမှာ လုပ်ငန်းရှင်တွေဟာ ဝန်ထမ်းတွေကို အတူတကွထမင်းစား ချိန်တွေပေးထားတာ တွေ့ရပါတယ်။ ဘီလီယံများစွာ ပိုင်ဆိုင်တဲ့ ရစ်ချက် ဘရန်ဆန် ဆိုရင် သူရဲ့အဓိက စီးပွား ရေးပြိုင်ဘက်ကို သူငယ်ချင်းအဖြစ် ထမင်းစားချိန်မှာ မိတ်ဆွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

(၃)    ကျန်းမာရေးကောင်းမွန်ဖို့ အတွက် အိပ်ချိန်လုံလောက်မှုရှိဖို့ လိုအပ်ပါတယ်။ပြောင်းလဲလာတဲ့ခေတ်အရ လူသားတွေအတွက် အိပ်ချိန်၈နာရီပြည့်အောင် အိပ်တဲ့ သူတွေ နည်းပါးလာပါတယ်။ ကျန်းမာတဲ့ကိုယ်ခန္ဓာတစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက် အနည်းဆုံးအိပ်ချိန် ၇ နာရီရှိရပါမယ်။ပုံမှန် မအိပ်ဘဲ ညနက် ပိုင်းတွေအထိနေထိုင်သူတွေ အနေနဲ့ ထမင်းစားချိန်မှာ မိနစ် ၂၀ လောက် ခဏတာ မှေးစက်သင့်ပါတယ်။ ညဘက် အိပ်ရေးပြည့်အောင် အိပ် စက်ခဲ့တဲ့သူတွေလည်း မျက်လုံးအနားပေးမှုအဖြစ် ခဏတာ မှေးစက်နိုင်ပါတယ်။ဒါပေမဲ့ မှေးစက်ခါနီးမှာတော့ နာရီနဲ့ဖြစ်ဖြစ် ၊ဖုန်းနဲ့ဖြစ်ဖြစ် အချက်ပေးသံ ပြုလုပ်ခဲ့ဖို့လည်း မမေ့သင့်ပါဘူး။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON