" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
---------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''
"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''
"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း... လူတကာကို လှည့် ပြပြီးပြောပြမနေတော့တာက ပညာပဲ''
"လူပဲ ခံစားချက်ကတော့ အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ ကွာသွားကြတယ်
ဖော်ပြလို့ မထူးဘူးဆိုရင် ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ "
"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...သိကြမှာ မဟုတ်ဘူး"
"ခံစားချက်တိုင်း ထုတ်ပြနေရင် ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ်ယုံစားရတာ သူတို့ကပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''
"ဝမ်းနည်းတိုင်း ငိုပြနေရင် ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''
လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေးအထာနပ်ပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်
ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်းတော်တော်လေးကို ခက်တာ
ဒါကြောင့် တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
"လောကအလယ်... ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''
Crd