published at :

စကားပြောနည်း


အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။
မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။


ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။
သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာနားထောင်ပါ။


မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ - လုံးဝမပြောသင့်။


မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံးပေးပါ။


သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။
သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။


မပြောမီစဉ်းစား - စဉ်းစားပြီးမှပြော
ပြောပြီးစကား - ပြန်စဉ်းစား
အမှားတကာ အမှားထဲ စကားမှားခြင်းက
ချစ်ခင်မှုရော အရာရာကိုပါ ပျက်ပြားစေပါတယ်။


တစ်ပါးသူနားမခံသာ ၊ ထိခိုက်အောင်မပြောရ။

ကိုယ့်စကားကြောင့် တစ်ပါးသူအကျိုးရှိစေက မဖြစ်မနေပြောပါ။


အမှန်စကားခါးသည်။ သို့သော် ချိုသာသော မုသားသုံးပြောဆိုပါက တရားပါသည်။
မသိသောစကား နှုတ်ဆိတ်နေခြင်းက မင်္ဂလာ တရားနှင့်ညီပါသည်။


ငါသာသိ ငါသာတတ်ဟူ၍ မပြောပါနှင့်။
စကားကိုမျှပါ။ စကားကိုလု မပြောပါနှင့်။
သူစကားဆုံးပြီးမှ ကိုယ်စကားစပြောပါ။


စကားသည်အမှားပါတတ်၍ ထိန်းပြောခြင်းဖြင့် လိုသလောက်သာပြောပါ။
သူတစ်ပါးသည် ကိုယ့်စကားနားမဝင်ပုံထောက်လျှင်အပြောရပ်၍ လမ်းကြောင်းလွှဲကာ နှုတ်ဆက်ပါ။
စကားကြောင့်ပြုံး စကားကြောင့်မုန်းစေတတ်သောကြောင့် ချိုသာစွာပြောတတ်ပါစေ။


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON