published at :

             ပျော်ရွှင်မှုဆိုတာ လူတိုင်းကို စိတ်ချမ်းသာစေတာကြောင့် လိုချင်ကြတဲ့သူချည်းပါပဲ။အမြဲတမ်းပျော်ရွှင်မှု ရဖို့ဆိုတာမဖြစ်နိုင်ပေမဲ့အမြဲလိုလိုပျော်ရွှင်မှု ရအောင်တော့မိမိကိုယ်တိုင်ရဲ့စွမ်းဆောင်ရည်က အဓိကကျပါတယ်။ တစ်ခါတလေမှာ အခြားသူတစ်ဦးတစ်ယောက်က ပျော်ရွှင်ရဲ့လားလို့ မေးတဲ့အခါ ဘယ်အကြောင်းအရာကို မေးတယ်ဆိုတာ မသေချာပေမဲ့ ကိုယ်ရဲ့အဆင်မပြေတဲ့အကြောင်းအရာဟာ ဦးနှောက်ထဲ အရင်ရောက်လာတာ ကြောင့် ဒီလိုပါပဲ ဆိုတဲ့အဖြေမျိုးကိုသာပေးလေ့ရှိကြပါတယ်။အမှန်တော့ အခြားသူက ကိုယ်ကိုပျော်ရွှင်ရဲ့လား လို့ မေးတဲ့ အဆင်ပြေပါတယ်လို့ ပြောဖို့အတွက် ကိုယ်တိုင် ကြိုးစားရမှာဖြစ်ပြီး လုပ်ဆောင်ရမယ့် အရာတွေကို လည်း သိရှိထားရမှာ ဖြစ်ပါတယ်။

            လက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကို ကိုယ်ပိုင်အလုပ်လို့သဘောထားရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်း ကြောင့် အခြားသူတွေရဲ့ အားကျအတုယူခြင်း ခံရနိုင်သလို မနာလိုအပြစ်တင်ခြင်းကိုလည်း ခံရနိုင်ပါတယ်။ အခြားသူတွေ့ရဲ့ အထင်အမြင်ထက် ကိုယ်ရဲ့တိုးတက်မှုကို အဓိကဖြစ်စေပြီး ကိုယ်က တကယ်ကျေနပ်ပျော်ရွှင် စွာ လုပ်ကိုင်နိုင်မယ်ဆိုရင်တော့ အလုပ်လုပ်နေတယ်လို့တောင် ထင်မိမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်စီးပွားရေးတစ် ခု ဆုံးရှုံးသွားမှာကို ကြောက်တဲ့စိတ်နဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ကြိုးစားမှာဖြစ်တာကြောင့် ကိုယ်ရဲ့ စွမ်း ဆောင်ရည်လည်း တိုးတက်လာသလို အတွေ့အကြုံကောင်း များကိုလည်း ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

            ပျော်ရွှင်မှုဆိုတာ တကယ်တော့သတ်မှတ်ချက်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ဒီအလုပ်ကို ဒီနေ့မှာ ပြီးဆုံး အောင်မြင်မှုရအောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး လုပ်ဆောင်ရင်း သတ်မှတ်ထားတဲ့အတိုင်း ပြီးစီးတဲ့အခါမှာ တော့ ကျေနပ်ပျော်ရွှင်မှုကို ရရှိစေမှာဖြစ်ပါတယ်။ လက်ရှိအလုပ်ကို ကိုယ်ပိုင်အလုပ်လို့ သတ်မှတ်ပြီး ကြိုးစား တာကြောင့် စွမ်းဆောင်ရည်တိုးတက်လာပြီး ရာထူးတိုးတာမျိုးတွေ ဖြစ်လာကာသေချာတဲ့ဝင်ငွေတိုးတက်မှုကို ရရှိမှာ ဖြစ်ပါတယ်။ ဝင်ငွေတိုး လို့ပျော်ရွှင်ပေမဲ့ ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကိုရောက်မှ ပျော်ရွှင်မှု အစစ်အမှန် ကို ပိုင်ဆိုင်တာသေချာတယ်လို့ မှတ်ယူထားရမှာလည်း ဖြစ်ပါတယ်။

            ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို လုပ်ပိုင်ခွင့်ရရှိနေမယ်ဆိုရင်တော့ ပျော်ရွှင်မှုရရှိတယ်လို့ ဆိုရမှာဖြစ် ပေမဲ့ အချိန်တိုင်း ပျော်ရွှင်မှုရရှိဖို့အတွက်တော့ လုပ်ဆောင်နိုင်ဖို့ မလွယ်ပါဘူး။ တကယ်ပျော်ရွှင်မှုဆိုတာ ခက်ခဲ တဲ့နေ့ရက်တွေကိုအကောင်းဆုံးကျော်ဖြတ်နိုင်တဲ့နေရက်မျိုးတွေလို့ဆိုရမှာပါ။အခက်အခဲနဲ့ ကြုံတွေ့တဲ့သူတိုင်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေပေမဲ့ အဲ့ဒီအခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့အချိန်မှာတော့ စိတ်ပျော်ရွှင်မှု ရရှိမှာပဲ ဖြစ်ပါတယ်။ အလုပ်ကြိုးစားတိုင်း ပျော်ရွှင်မှုရရှိဖို့ မသေချာပေမဲ့ ပျော်ရွှင်မှုရရှိဖို့အတွက်တော့ အလုပ်ကို ကြိုးစားနေရမှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON