published at :

            ယနေ့ခေတ် ၂၁ ရာစုတွင် ကျွမ်းကျွင်ရမယ့် အရာများထဲမှာ တင်ဆင်ပြသနိုင်ခြင်း (Presentation skill) ကလည်း တစ်ထောင့်တစ်နေရာကနေ  အရေးပါလာပါတယ်။
             တစ်ခါက  ကုမ္ပဏ္ဏီတစ်ခုမှာ မောင်မောင် နဲ့  အောင်အောင် ဆိုတဲ့ ဝန်ထမ်းနှစ်ယော် ရှိတယ်။ မောင်မောင်က အဲ့ကုမ္ပဏ္ဏီမှာ လုပ်တာ နှစ်ပေါင်းမနည်းတော့ဘူး အောင်အောင်ကတော့  မနေ့တစ်နေ့ ကမှ အလုပ်စဝင်တာ။ တစ်နေ့ သူတို့ဆီက ကုန်ပစ္စည်းအသစ်ကို မိတ်ဆက်ဖို့ ဟောပြောပွဲ တစ်ခုလုပ်တယ်။ အဲ့မှာ မောင်မောင်က အောင်အောင့် ထက်ပိုနားလည်ပေမဲ့ presentation လုပ်တဲ့နေရာမှာ မကောင်းဘူး။ အောင်အောင် ကတော့ stage တွေပေါ်မှာ စကားပြောကောင်းပြီးသားလူ။ ဒီတော့ အောင်အောင်က မြန်မြန်ပဲ ပြောသွားတယ်။ အဲ့ဒီနေ့က အောင်အောင့် အတွက်  အခွင့်အလမ်းတွေ လည်း အများကြီးရရှိ ပြီး ရာထူးလည်းတိုးခဲ့တယ်။
             ဒီတော့ လူအများရှေ့မှာစကားပြောကောင်းအောင်ဘာတွေလုပ်ရမှာလဲ။

(၁) ကိုယ်ပြောရမယ့် အကြောင်းအရာကို ကြိုစဉ်းစားထားပါ။        
             လူအများစုဟာ ပြောရမယ့် အကြောင်းအရာတွေ ကို အလွတ်ကျက်ထားတတ်ကြပါတယ်။ အကုန်လုံးကို အလွတ်ကျက်စရာ မလိုပါဘူး ခေါင်းစဉ်တွေ ဥပမာ- ပြောရမယ့် topics တွေ လောက်ပဲ ခေါင်းထဲမှာ အစဉ်လိုက် စီထားပါ။ခေါင်းစဉ်တွေနဲ့လည်း ဆက်စပ်ပြီး ပုံပြင်တွေ၊ ကိုယ့်အတွေ့အကြုံတွေ ကိုလည်း ထည့်သွင်းပြောသွားဖို့ ကြိုစဉ်းစားထားနိုင်ပါတယ်။

(၂) လေ့ကျင့်ပါ
               သင်ဟာ စင်ပေါ်မှာ စကားပြောအလွန် ကျွမ်းကျင်သောသူ  ထဲမှာမပါဘူးဆိုရင်တော့ ဒီအချက်က မိတ်ဆွေတို့အတွက် အသုံးဝင်မှာပါ။ မှန်ပါတယ်။ Practice makes Perfect ပါ။ ဒီတော့ ဘယ်လိုလေ့ကျင့်ရမလဲ။  တစ်ယောက်တည်းရှိတဲ့ အချိန် လေ့ကျင့်ပါ။ ထပ်ခါထပ်ခါပြောပါ။ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ကိုအကူညီတောင်းပြီး နားထောင်ခိုင်းလျှင် ပိုကောင်းပါတယ်။ လေ့ကျင့်တာများလာတဲ့အခါ အောင်မြင်မှုရလဒ်တွေ က မိတ်ဆွေ အတွက်အင်အားဖြစ်စေမှာပါ။

(၃) မည်သူကမှ သင့်ကိုဝေဖန်မနေဘူးဆိုတာ သတိရပါ။
               ကျွန်တော်တို့ အားလုံးတွေးတတ်ကြတဲ့ အခြေအနေတစ်ခု ပါပဲ။ ကျွန်တော်တို့ တွေ လူအများရှေ့မှာ စကားပြောတဲ့အခါ ငါပြောတာများ မှားသွားမလား၊ အောက်ကလူတွေ က ငါ့ကို ဘာတွေ ပြောကြတော့မှာလဲ၊ အစရှိသဖြင့် တွေးတတ်လေ့ ရှိပါတယ်။ တကယ်တော့ ပရိသတ်ထဲက လူအများစုက မိတ်ဆွေဆီကနေ နားထောင်ပြီး သင်ယူဖို့ရှိပါတယ်။ ဒီ့အတွက်အာရုံမထားဘဲ မိတ်ဆွေ ဆက်ပြောရမယ့်  အရာပေါ်မှာသာ အာရုံစိုက်ထားပါ။ ပရိသတ်များက မေးခွန်းတွေ မေးခဲ့ရင်တော့ အချိန်ပေးပြီး အကောင်းဆုံးအဖြေကို ပေးဖို့ အာရုံစိုက်ပါမိတ်ဆွေ။
                 ဖော်ပြပါအချက်များ ကိုလေ့ကျင့်ပြီး သင်ယူပါ။ မိတ်ဆွေမသိလိုက်ခင်မှာ ပဲ   မိတ်ဆွေက ပထမတန်းစား ဟောပြောသူ ဖြစ်နေပါလိမ့်မယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON