published at :
ဘဝမှာ မပေါင်းသင့်တဲ့ လူ[ ၅ ]မျိုးအကြောင်း

လူတွေ အကြောင်းကို နားလည်ထားမှသာ တော်ကာကျပါလိမ့်မယ်။
ဘယ်သူက ဘယ်လို အကျင့်ရှိတယ်ဆိုတာသိရင် ကိုယ့်ဘက်က ဘယ်လိုပေါင်းသင်းရမယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။
အပေါင်းအသင်းဆိုတာ ဘဝအတွက် အရေးအပါဆုံးဖြစ်ပါတယ်။ကောင်းတဲ့လူနဲ့ ပေါင်းသင်းတဲ့အခါ ဘဝအတွက် အကျိုး ရှိစေပြီး မကောင်းတဲ့သူကို အပေါင်းအသင်းလုပ်မိတဲ့အခါ ဘဝတစ်ခုလုံးဆုံး ရှုံးစေတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

သင်သိထားရမယ့် ပထမလူကတော့

အတင်းပြောတတ်တဲ့သူ

ဒီလိုလူမျိုး အများစုဟာ မိမိအကြောင်းထက် သူတစ်ပါးအကြောင်းကိုသာ စိတ်ဝင်းစားနေတတ်တာကြောင့် သူ့မှာ ဘဝတက်လမ်းအတွက် ကြိုတင်စီစဉ်ထားတဲ့ အချက်မျိုးမရှိပဲ နေရာတိုင်း အချိန်တိုင်းမှာ သူ့အနားရှိနေတဲ့ သူတွေဆီကို အမှိုက်တွေ သယ်သယ် လာတတ်ကြပါတယ်။
ဘယ်လိုအကြောင်းအရာမျိုးမဆို သူ့ဆီက ကြားနိုင်တဲ့အတွက် သင့်စိတ်ထဲ အမြဲတမ်းအမှိုက်တွေ လာလာပုံနေတာကြောင့် သင့်စိတ်ကို အနှောက်ယှက်ဖြစ်စေမှာ အသေချာပဲ ။

မနာလို ဝန်တိုစိတ်ကြီးသူ

သင်ကသာ တစ်ခုခု သူ့ထက်သာသွားပြီဆိုရင် အပြောအဆို အနေအထိုင် အပြုအမူကအစပြောင်းလဲ သွားတတ်တဲ့ လူမျိုးပါ။ ဒီလိုလူမျိုးအများစုဟာ သင်စိတ်ချမ်းသာနေတာကို မြင်ချင်ကြတဲ့ သူတွေ မဟုတ်တာကြောင့် သင့် ရဲ့ စိတ်မချမ်းမြေ့မှုတွေကိုပဲ အမြဲတမ်းကြားချင်နေတတ်တဲ့သူတွေပါ။ ဒါကြောင့် သင်ကောင်းကောင်း ဆိုးဆိုး သင့်အနားမှာ အမြဲတမ်း မျှဝေခံစားမပေးနိုင်တဲ့အတွက် မိတ်ဆွေအနေနဲ့ သင့်ရဲ့ အချိန်တွေ ၊ ယုံကြည်မှုတွေကို ချမသုံးသင့်ပါဘူး။

စိတ်အပြောင်း အလဲမြန်လွန်းသူ

ဒီနေ့ ပြုံးပျော်ပြီး စကားတွေဖော်ရွေနေပေမယ့် နောက်တစ်နေ့မှာ ကိုယ့်ဘက်က ဘာမှမသိရပဲ စိတ်ဆိုး ၊ စကားမပြောခံရတာမျိုးက နေရအတော်ခက်တဲ့ အရာပါ။ ဒီလိုမျိုးသင် ခဏခဏ ကြုံဖူးပါသလား ၊ ကျွန်မကတော့ ကြုံဖူးပါတယ်။
သူခေါ်ချင်တဲ့အခါ ကောက်ကာ ငင်ကာ ခေါ်တတ်ပြီး သူစိတ်မလိုတော့တဲ့အခါ ရန်သူကြီးလိုနေရတာကြီးက အပေါင်းအသင်းအဖြစ်နဲ့ ဆက်ပေါင်းလို့မရတဲ့ ဆက်ဆံရေးမျိုးဖြစ်တဲ့အတွက် ရှောင်ကြဉ် ပေါင်းသင်းသင့်တဲ့ သူမျိုးပါပဲ...။

တစ်ခုခုဆိုရင် ညည်းတွားတတ်သူ

ဒီလို လူမျိုးတွေဟာ ဘဝမှာ အမြဲတမ်း စိတ်မောလူမောနဲ့ နေတတ်ကြပြီး သူတို့ အနားရှိတဲ့ သူတွေကိုပါ စိတ်ပန်း လူပန်း စေပြီး စိတ်ကိုလေးလံစေပါတယ်။ တစ်ခုခုလုပ်ခါနီးမှာ မဖြစ်သေးတဲ့ အရာအပေါ် ကြိုတင် ပူပန်နေတတ်ပြီး ဖြစ်ပြီးသားအရာတွေကိုလည်း ခဏခဏ ပြောရင်း ညည်းတွားနေတတ်တဲ့ သူတွေပါ။ သူတို့အနား ရှိတဲ့ သင်ကတော့ ဘဝတွေပါ လေးလံလာပြီး စိတ်ညစ်မှုတွေအမြဲတမ်း လက်ဆင့်ကမ်း ရနေမှာဖြစ်လို့ မပေါင်းသင်းတာ အကောင်းဆုံး ပါပဲ။

မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေသူ

ဒီအလုပ်မှာ ငါမရှိရင် မဖြစ်ပါဘူး ဆိုပြီး အမြဲတမ်း သူ့ဂုဏ်သူဖော်နေတတ်တဲ့သူ။ သူမရှိရင် ဘာမှ အဆင်မပြေဘူးဆိုတဲ့ လေသံနဲ့ တစ်ခြားသူတွေအပေါ်မှာ အထက်စီးကျကျ ဆက်ဆံတတ်တဲ့သူ။ ဒီလိုလူ အများစုဟာ မိမိဘယ်လောက် ကောင်းအောင် လုပ်လုပ် သူ့လောက်အဖြစ်မရှိဘူးဆိုတဲ့ တလွဲခံယူချက်နဲ့ တစ်ဖက်သားအပေါ် ယုံကြည်မှုမဲ့အောင် မလေးမစားပြုမူတတ်ပါတယ်။ ဒါကြောင့် သင်ဟာလဲ သူနဲ့အတူရှိတဲ့အတွက် သင်ဘာလုပ်လုပ် ယုံကြည်မှုရှိမနေတဲ့အတွက် သူ့အပေါ်ထားတဲ့ အပေါင်းအသင်း ဆက်ဆံရေး ကလဲ သူ့အတွက် အသုံးဝင်မှာမဟုတ်ပါဘူး။

ဒါကြောင့် ဘဝမှာ ဘယ်လိုလူမျိုးက ဘယ်လိုအကျင့်ရှိတယ်ဆိုတာကို သိရင် ရှောင်သင့်ရင်ရှောင် မရှောင်ချင်ရင်တောင် အခြေအနေကြည့်ပြီးပေါင်းသင်းတတ်ဖို့သာ အဓိကကျပါတယ်။


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON