published at :

☘ စိတ်ဓာတ်ကျနေရင်....စာဖတ်ပါ


☘ အလုပ်အဆင်မပြေရင်....စာဖတ်ပါ


☘ ပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်....စာဖတ်ပါ


☘ ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကြောင့် စိတ်ညစ်နေရင် စာဖတ်ပါ


☘ အသဲကွဲနေရင် .....စာဖတ်ပါ


☘ အထီးကျန်သလို ခံစားရရင်....စာဖတ်ပါ


☘ ဘယ်သူမှ အရေးမထားတဲ့အခါ.....စာဖတ်ပါ


☘ စာဖတ်ရင် အောင်မြင်မှု့တွေကို

ချက်ချင်းသယ်ဆောင်လာပေးတာ

အရာရာပြည့်စုံအောင် ထားပေးတာ မဟုတ်ပေမယ့်..


☘ စာဖတ်ရင် စိတ်ဓာက်ကျနေရင်

အားအင်ရှိစေတဲ့ စကားလုံးတွေကို တွေ့နိုင်တယ်။


☘ အရှုံးပေးချင်နေရင် အောင်မြင်သူတိုင်း 

ဘယ်နှစ်ခါ လဲကျ ရှုံးခဲ့ရတယ် ဆိုတဲ့ 

သင်ခန်းစာတွေကို သိနိုင်တယ်...


☘ စိတ်ညစ်နေရင် အချိန်က ဒီမှာ မရပ်နားနေသလို

အရာအားလုံးလဲ ပြီးဆုံးသွားမယ်

ဆိုတဲ့ ခံယူချက်နဲ့ တောင့်ခံနိုင်လာမယ်...


☘ ပတ်ဝန်းကျင် ဆိုတာကို လေးစားရမယ်

ဒါပေမယ့် အရာအာလုံးထဲ

ဂရုစိုက်နေဖို့မလိုတာကိုလဲ သိလာမယ်....


☘ နေ နဲ့ လတောင် အဖော်မပါ တစ်ကမ္ဘာလုံးအတွက်

အလင်းရောင်ပေးနိုင်တာတစ်ယောက်ထဲ ဖြစ်တဲ့ကိုလဲ

တစ်ယောက်ထဲ ဖြစ်အောင် နေတတ်လာမယ်။


☘ ဘယ်သူ့မှ ကိုယ့်ဘက်မရှိတဲ့အခါ

ကိုယ့်အတွက် ကိုယ်ရှိနေတက်လာမယ်။


☘ သန်မာတဲ့ စိတ်ဓာတ်တွေနဲ့အတူ

ရင့်ကျက်စွာ ရှင်သန်နိုင်လာမယ်။


စာအုပ်က စကားမပြောတတ်ပေမယ့်

စာအုပ်က ကိုယ့်ဘဝအလင်းရောင် ​ပေးနိုင်တာကြောင့်

စာဖတ်ပါ....မိတ်ဆွေ


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON