published at :

လူအမျိုးမျိုး စိတ်အထွေထွေပေါ့။


တချို့သူတွေက “ရေ” နဲ့တူတယ်။
ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။


တချို့သူတွေက “မြေကြီး” နဲ့ တူတယ်။
သူ့အပေါ်နင်းသွားလည်း သည်းခံနိုင်ခြင်းပါရမီပြည့်ဝတယ်။


တချို့သူတွေက “လေမုန်တိုင်း” နဲ့တူတယ်။
အနားရှိသမျှအရာတွေကို ဟိုးး အဝေးဆုံးကိုတွန်းပို့တယ်။


တချို့သူတွေက “မီး” နဲ့တူတယ်။
တောက်လောင်မှုအပူနဲ့ အနားရှိသူကိုပူလောင်စေတယ်။


တချို့သူတွေက “‌နေ” နဲ့တူတယ်။
လိုအပ်တဲ့ အကူအညီတွေပေးပေမယ့် အနားနီးရင် ပူလောင်စေတယ်။


တချို့သူတွေက “လ” နဲ့ တူတယ်။
အဝေးကကြည့်တဲ့အခါ အေးချမ်းစေပေမယ့် မပေါ်လွင်ဘူး။


တချို့သူတွေက “သစ်ပင်” နဲ့ တူတယ်။
အရိပ်လည်းပေးတယ်။ အသီးအပွင့်တွေလည်းပေးတယ်။အမြစ်တွယ်ပြီး ခိုင်မာစွာ ရပ်တည်ပေးတယ်။


သင်ရော ဘယ်လိုလူမျိုးလဲ.... ?


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON