published at :

ယုံကြည်မှု ဆိုတာ..စာရွက်လေးတစ်ရွက်လိုပဲ ကြေမွ ပျက်စီးသွားခဲ့ရင် နဂိုအတိုင်း ပြန်ဖြန့်လို့ မပြန့်တော့ဘူးလေ။
ဒီလိုပါပဲ ဘဝမှာ ယုံကြည်မှု လေးပေးလိုက်တာနဲ့ နောက်ကျောကို ထိုးမယ် ဓားတွေက အများသားမဟုတ်လား။
ဆားနဲ့ သကြားကို ခွဲခြားမသိသေးသရွေ့တော့ လူတွေကြားမှာ ရှင်သန်ရတာ ပင်ပန်းနေအုံးမှာပါပဲ။


ဘဝဆိုတဲ့လမ်းမှာ မောပန်းနေလဲလူတိုင်းကိုတော့ ရင်မဖွင့်မိစေနဲ့။
နာကျင်မှု တွေဆိုတာ ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ ကိုယ့်ထက် ပိုမသိနိုင်ဘူးလေ။

ဒါကြောင့် ကိုယ့်ဒုက္ခ ကိုယ့်ပြဿနာကို ကိုယ်တိုင်ပဲ ဖြေရှင်းရမယ့်အတူတူ ဘယ်သူ့ကိုမှ အားမကိုးပါနဲ့ ကိုယ့်အားကိုယ်ကိုးပါ။


စိတ်ညစ်လာတဲ့အခါ စာအုပ်တွေ ဖတ်ပါ ကိုယ့်ခံစားချက်နဲ့ ကိုက်ညီမယ့် စာအုပ်တွေ ဖြစ်ဖို့လိုပါတယ်။
အားငယ်လာတဲ့အချိန် အားပေးဖော် ရှာမနေပါနဲ့၊ စာအုပ်တွေဖတ်ပြီး ကိုယ့်ကိုယ်ကို အားပေးပါ ။
လောကမှာ ကိုယ့်အတွက် ကိုယ်ကလွဲပြီး ဘယ်သူကမှ ကိုယ့်ခံစားချက်ကို လိုတာထက်ပိုပြီး နားလည်ပေးဖို့ မရှိပါဘူး


မိမိကိုယ်ကို သာအားကိုးရာဖြစ်လို့ မိမိစိတ်ကို မိမိကိုယ်တိုင် ပြုပြင်ပြီး အားငယ်စိတ်တွေကနေ သန်မာနိုင်အောင်ကြိုးစားပါ။


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON