published at :

"တန်ဖိုး''

ကြပ်တည်းလာတဲ့အခါ
ငွေရဲ့တန်ဖိုးသိလိမ့်မယ်။

အသက်ရွယ် ကြီးလာတဲ့အခါ
ငယ်ရွယ်ခြင်းရဲ့ တန်ဖိုးကိုသိလိမ့်မယ်။

ဖျားနာတဲ့အခါ
ကျန်းမာခြင်းရဲ့ တန်ဖိုးကိုသိလိမ့်မယ်။

နောက်ကျတဲ့အခါ
အချိန်ရဲ့တန်ဖိုးကိုသိလိမ့်မယ်။

ဝေးကွာတဲ့အခါ
ဆုံစည်းခြင်းရဲ့ တန်ဖိုးကိုသိလိမ့်မယ်။

ဒုက္ခရောက်တဲ့အခါ
မိဘရဲ့တန်ဖိုးကို သိလိမ့်မယ်။

တစ်ကယ်တော့...
အရာအားလုံးက အချိန်တိုင်းမှာ
သူ့တန်ဖိုးနဲ့သူ ရှိနေကြတာပါ။

ဒါပေမဲ့ ဆုံးရှုံးသွားတဲ့အရာတွေကို နှမြောတမ်းတနေမဲ့အစား
ကျန်ရှိနေတဲ့ အရာတွေကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။

ဒါကြောင့် နောင်တမရရလေအောင်
ကြိုးစားပြီး ပျော်အောင်နေပါ။

အရာအားလုံးကို လက်ခံနိုင်အောင်
ကြိုးစားပြီး အေးချမ်းအောင်နေပါ။

Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON