published at :
သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စိတ်အေးတတ်လာတယ်။

ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်။

တန်ဖိုးထားတတ်တဲ့သူနဲ့ ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အရာရာကို လေးနက်စွာ လုပ်တတ်လာတယ်။

ကိုယ်ချင်းစာတတ်တဲ့သူနဲ့ ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စာနာတတ်လာတယ် ။

ပျော်ပျော်နေတတ်တဲ့သူနဲ့ ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စိတ်ပျော်ရွှင်တတ်လာတယ်။

ကြိုးစားတတ်တဲ့သူနဲ့ ပေါင်းသင်းလိုက်တော့
ကိုယ်ပါ တိုးတက်ချင်စိတ်တွေမွေးဖွားလာတယ်။

မေတ္တာထားတတ်တဲ့သူနဲ့ ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အကြင်နာတရားတတ်လာတယ်။

သတိရှိတတ်တဲ့သူနဲ့ ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အသိ သတိတွေနဲ့ နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်။

ရိုးသားတဲ့သူနဲ့ ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အစစ်အမှန်တွေကို ထုတ်သုံးတတ်လာတယ်။

ကိုယ်ဆိုးတာ မဆိုးတာက ပတ်ဝန်းကျင်အပေါ် မမူတည်ပေမယ့်လဲ
ကိုယ်ကောင်းမကောင်းကတော့ ကိုယ်ပေါင်းသင်းနေထိုင်တဲ့ ပတ်ဝန်းကျင်က တစ်စိတ်တစ်နေရာက ပါဝင်နေပါတယ်။

တကယ်တော့ အကြောင်းတရားကောင်းမှ အကျိုးတရား လှတာပါ ။

Credit
Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON