published at :

ငြင်းရဲတဲ့သတ္တိရှိပါစေ

သူတစ်ပါးအပေါ်ကူညီတာကောင်းပါတယ် ဒါပေမယ့် လိုတာထက် မပိုပါစေနဲ့။

ဥပမာ ကိုယ်တိုင်က မတတ်နိုင်တဲ့အရာတစ်ခုကို အားနာတဲ့စိတ်ကြောင့် ကသိကအောက်နဲ့ လုပ်ပေးလိုက်ရတဲ့အချိန်ပေါ့။
ကိုယ့်အတွက် ကသိကအောက်ဖြစ်စေရင် ငြင်းလိုက်ပါ။


တခါတလေ တစ်ချို့က လူအကဲခက်သိပ်ညံ့တယ်

တစ်ပါးသူက ကြည်ဖြူမှန်း မကြည်ဖြူမှန်းမသိဘူး

ဇွတ်အတင်း အကူအညီတောင်းတတ်ကြတယ်။


တစ်ခုခုဆို အားနာမနေပါနဲ့
အားနာတဲ့စိတ်ဆိုတာ ဓားသွားနဲ့တူတယ်
အချိန်ကြာလာတာနဲ့အမျှကိုယ်ပဲပိုနာကျင်ရမှာပါ။


အရေးမကြီးတဲ့အရာဆို သတ္တိရှိရှိငြင်းတတ်ဖို့လိုပါတယ်။
ကိုယ်မလုပ် နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။

မဖြစ်နိုင်တဲ့အရာတစ်ခုအတွက်ငြင်းပါ။


ပြဿနာအားလုံးက သင်နဲ့မဆိုင်ပါဘူး။

အဓိက က ကိုယ်မကြိုက်တာကို မကြိုက်ဘူး ကိုယ်မလုပ်နိုင်တာကို မလုပ်နိုင်ဘူး စသဖြင့်ပြောပြနိုင်ဖို့ ငြင်းနိုင်ဖို့ သတ္တိပဲလိုပါတယ်။


တစ်ချိန်ကျရင် ပြောင်းလဲ သွားမယ့်အရာတွေချည်းပဲမို့ ကိုယ့်စိတ်ကို အပင်ပန်းမခံပါနဲ့။

မနိုင်ဝန်တွေထမ်းဖို့ မကြိုးစားပါနဲ့ ၊ ခဏခဏ အားနာလို့ အသုံးချခံရတာလဲများနေပြီ

ခဏခဏ မငြင်းပဲ ကူညီခဲ့မိလို့ ဝန်ပိခဲ့တာတွေလည်းများနေပြီ

ဒီလောက်မှ သင်ခန်းစာ မယူတတ်သေးရင် သင့်ဘဝက အခြားသူတွေအတွက် ဖြစ်နေအုံးမှာပါ။


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON