published at :
စကားပြောရင်း အချိန်မကုန်ပါစေနဲ့

ဘယ်တော့မှ ဆင်ခြင်ဉာဏ်မရှိတဲ့သူတွေနဲ့ပြိုင်ပြီးမငြင်းပါနဲ့။
သင့်ကို သူတို့ရဲ့အဆင့်အတန်းရောက်အောင် ဆွဲချသွားလိမ့်မယ်။
သို့မဟုတ် သူတို့ရဲ့ဝါရင့်နေတဲ့ ငြင်းခုံခြင်း အတွေ့အကြုံနဲ့ သင့်ကို အနိုင်ယူသွားလိမ့်မယ်။

တစ်ခါတစ်လေ သူများက သင့်ကို ကသိကအောက်ဖြစ်အောင်လုပ်တိုင်း ၊
မခံချိမခံသာဖြစ်အောင်လုပ်တိုင်း သင်က လိုက်ပြီး တုန့်ပြန်စရာမလိုပါဘူး။

လမ်းမှန်သွားနေတဲ့သူတစ်ယောက်ဟာ အမြဲဝေဖန်ခံရပါတယ်။
ဒီလိုဝေဖန်ခံရတိုင်းသာ တစ်ယောက်ချင်းစီကို လိုက်ဖြေရှင်းနေရင် ရှေ့ကိုရောက်မှာ မဟုတ်ပါဘူး။

အချို့သူတွေက ဝေဖန်ခြင်းကလွဲပြီး လုပ်စရာအလုပ်မရှိကြပါဘူး။
သူတို့ဝေဖန်တဲ့စကားတွေထဲက မှန်တဲ့အချက်ကိုယူ ပြီးရင် ဆက်လျှောက်ပါ။

တစ်ခါတစ်လေ ဝေဖန်မှုတွေကနေလည်း သင်ခန်းစာကောင်း ရတတ်ပါတယ်။
စစ်တုရင် ထိုးသလိုပါပဲ။ ထိုးတဲ့သူမမြင်တဲ့အကွက်ကို ဘေးကလူက တစ်ခါတစ်လေ မြင်တတ်ပါတယ်။

ပြောတဲ့စကားတိုင်းကို နားထောင်ဖို့ပြောတာမဟုတ်ပါဘူး။
တစ်ခါတစ်လေ ကျိုးကြောင်းဆီလျော်တာကိုတော့ နားထောင်သင့်ပါတယ်။ပြီးရင်ဆက်လျှောက်ပါ။

မိမိအကြောင်းကို အခြားသူတွေကို ရှင်းပြရင်းအချိန်မကုန်ပါစေနဲ့။
သင်ဘယ်လောက်ပဲရှင်းပြရှင်းပြ သူတို့က သူတို့ဦးနှောက်နဲ့ဆန့်တဲ့ အတိုင်းအတာတစ်ခုလောက်ပဲ နားလည်မှာပါ။

မိမိအလုပ်ကိုအကောင်းဆုံးသာကြိုးစားပါ။
အကျိုးမရှိတဲ့စကားတွေပြောရင်း အချိန်မကုန်ပါစေနဲ့။

Credit
Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON