published at :

"ကျရှုံးသွားတဲ့အခါ''

ကိုယ်လိုချင်တဲ့အရာတစ်ခု...
ကိုယ်ဖြစ်ချင်တဲ့ အတိုင်းအတာတစ်ခုမှာ...
ကိုယ့်စိတ်တိုင်းကျ ဖြစ်မလာတဲ့အခါ...
သူသူငါငါကတော့ တကယ်ကိုစိတ်ဓာတ်ကျအားငယ်နေမှာမလွဲပါပဲ...။


ကိုယ်မျှော်မှန်းထားသမျှက...
သဲထဲရေသွန်သလိုအရာမထင်တော့ရင်...
ဝမ်းနည်းစိတ်ပျက်ပြီးကြိုးစားချင်စိတ်လျော့နည်းလာတာကတော့အမှန်ပါ...။


အကယ်၍ဒီလိုအဖြစ်မျိုးကြုံလာတဲ့အခါ...
တချို့တချို့က စိတ်ထွက်ပေါက်ရှာ အမှားအမှန် မတွေးပဲ
စိတ်ထင်ရာလုပ်ရင်း အသက်ပါဆုံးရှုံးရတဲ့အထိ

စိတ်ဓာတ်တွေ အလဲလဲအပြိုပြို ဖြစ်တတ်ကြပါတယ်....။


မိမိကိုယ်ကို စိတ်ဓာတ်ကျစေတဲ့
အဓိကအကြောင်းအရင်းက မိမိရဲ့စိတ်ကြောင့်ပါပဲ...။
စိတ်ရဲ့စေခိုင်းရာမှာအမှားအမှန်မမြင်နိုင်ရင် ဆင်ခြင်နိုင်စွမ်းနည်းပါးလာတတ်ပါတယ်။


အဲ့ဒီဆင်ခြင်တုံတရားက မိမိစိတ်ကို မိမိကိုယ်တိုင်ထိန်းသိမ်းနိုင်မှသာလျှင်
စိတ်အလိုကိုမလိုက်ပဲ ကိုယ်ပိုင်ဥာဏ်နဲ့ အမှားရယ်အမှန်ရယ်လို့ ဝေဖန်ပိုင်းခြားနိုင်မှာပဲဖြစ်ပါတယ်...။


လူတစ်ကိုယ် စိတ်တမျိုး... လူတစ်ကိုယ် အပူတစ်မျိုးရှိတတ်ကြတဲ့အထဲ
သင်များများတွေးလျှင် သင်များများပူလောင်ရလိမ့်မည်။
သင်ဘာကိုမျှမတွေးလျှင် သင်စိတ်ပူလောင်မှုမှကင်းဝေးပါလိမ့်မည်။


သင်ဘယ်လိုအကြောင်းကြောင်းကြောင့် အခက်အခဲ တွေ့တွေ့စိတ်ညစ်စရာ တွေကြုံကြုံ ဘယ်လောက်ပင်ကျရှုံးနေပါစေ အချိန်ဆိုတဲ့နိယာမသဘောတရားက သင့်ကိုအဖြေပေးလာမှာပါ...။


သင်စိတ်ဓာတ်က သင့်ရဲအနာဂတ်ကို ပုံဖော်တာပါ။

သင့် ပစ္စုပ္ပန် ကသင့်လက်ထဲမှာရှိနေတဲ့အတွက် အားမလျော့လိုက်ပါနဲ့.....။
တကယ်တမ်းလူဖြစ်လာတဲ့သူတိုင်းရဲ့ လူ့စည်းစိမ်းအစစ်အမှန်က ဥစ္စာ ချမ်းသာခြင်းမဟုတ်ပါဘူး။

စိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းကသာ
လူတစ်ယောက်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ကြီးတစ်ခုပါပဲ....။


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON