published at :

လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ စည်းလေးတစ်ခုတော့ထားပေးပါ

သူငယ်ချင်းပဲဖြစ်ဖြစ်
ချစ်သူချင်းပဲဖြစ်ဖြစ်
မောင်နှမကြားမှာပဲဖြစ်ဖြစ်
နောက်ဆုံး မိဘနဲ့သားသမီးကြားမှာတောင်
စည်းလေးတစ်ခုရှိရပါတယ်။

လိုတာထက် ပိုမဝင်မိစေဖို့...
သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ခံယူချက်
သူ့ရဲ့လွတ်လပ်ခွင့် သူ့ရဲ့ရည်မှန်းချက်
သူ့ရဲ့ပြင်လိုမရတဲ့ဗီဇနဲ့စရိုက်တွေအတွက်
ကိုယ်က ဝင်ရောက်သင့်တဲ့အတိုင်းအတာထက်


ပိုပြီးမဝင်မိစေဖို့ ....
မေးသင့်မေးထိုက်တာထက်
ပြောသင့်ပြောထိုက်တာထက်ပိုပြီး
ဘောင်တွေမကျော်ဖို့အတွက်
စည်းတစ်ခုထားကိုထားရပါမယ်။

အရမ်းချစ်ကြတဲ့သူတွေ ဘာလို့မုန်းသွားကြသလဲ?
အရမ်းခင်ကြတဲ့မိတ်ဆွေတွေက ဘာလို့အမုန်းဆုံးရန်သူတွေဖြစ်သွားကြသလဲ?
အရင်ကအရမ်းအဖွဲ့ကျပြီး စားအတူသွားအတူပျော်ခဲ့ကြတဲ့ BFF တွေ ဘာလို့ခပ်တန်းတန်းတွေဖြစ်ကုန်ကြသလဲ?
ဘာလို့ တစ်ယောက်နဲ့တစ်ယောက်အထင်မကြီး မလေးစားကြတော့တာလဲ?

ပြဿနာအများစုရဲ့အဖြေကတော့
လိုတာထက်ပိုပြီး စည်းတွေကျော် ဘောင်တွေနင်းခဲ့ကြလို့ပါ။

အရမ်းခင် အရမ်းချစ်နေကြဆဲကာလမှာတော့ အယုံကြည်ရဆုံးလိုထင်မိပြီး
မိမိဘဝအကြောင်း မိမိစိတ်ဓာတ်အကြောင်း မိမိရဲ့မိသားစုအကြောင်း အိတ်သွန်ဖာမှောက်ပြောပြကြသလို
မိမိကလည်း သူတစ်ပါးရဲ့အတွင်းရေးတွေကို အကြံပြု ဝေဖန်ဆုံးဖြတ်ကြပါတယ်။

အဆင်ပြေနေတုန်းတော့ အဆင်ပြေနေတာပေါ့

အဲဒီကတဆင့်တက်ပြီး သူ့ရဲ့ဘဝ ကိုယ့်ရဲ့ဘဝ
သူ့ရဲ့အတွင်းရေး ကိုယ့်ရဲ့အတွင်းရေးထိ ဝင်ရောက်လာကြတယ်
စည်းလွတ် ဝါးလွတ်တွေပြောလာကြတယ်

ကိုယ့်အတွေးကိုယ့်အမြင်တွေကို
သူကလက်မခံတဲ့အခါ ရန်တွေဖြစ်လာကြတယ်။

သူ့ရဲ့စည်းလွတ်ဘောင်လွတ် နယ်ချဲ့ပြီး
မိမိအတွင်းရေးအထိ ပါဝင်လာတာကိုလည်း
ကိုယ်တိုင်က အရင်လိုမနှစ်သက်နိုင်တော့ပါဘူး။

အဲဒီအခါမှာတော့...
သူ့အပေါ်ကိုယ်မြင်ခဲ့တဲ့ ကိုယ်အထင်ကြီးခဲ့တဲ့ အားသာချက်တွေအပြင်
ကိုယ်လက်ခံလို့မရတဲ့ ကိုယ်မကြိုက်နှစ်သက်တဲ့ သူ့ရဲ့ character တွေပါသိလာရတဲ့အချိန်မှာ
စည်းတွေတော်တော်ကျော်နေပါပြီ...

အကောင်းမြင်တာတွေမှေးမှိန်ပြီး
မကောင်းမြင်ချက်တွေ အားသာလာတဲ့အချိန်မှာတော့
လူနှစ်ဦးရဲ့ဆက်ဆံရေးဟာ အရင်ကလိုမနွေးထွေးနိုင်တော့ပါဘူး။

သူကငါထင်သလိုမဟုတ်ဘူး ဆိုတာတွေ
သူကမိတ်ဆွေကောင်းမဟုတ်ဘူး ဆိုတာတွေ
တွေးမိလာကြပါတယ်။

ဒါ့ကြောင့်
လူနှစ်ဦးအနေနဲ့ လူတစ်စုအနေနဲ့ ရေရှည်လက်တွဲသွားဖိုရည်ရွယ်တယ်ဆိုရင်....

နေသင့်တဲ့နေရာမှာပဲနေပါ
မမေးသင့်တဲ့အရာတွေကိုမမေးပါနဲ့
မသိသင့်တဲ့အကြောင်းတွေကို မသိချင်ပါနဲ့

ကိစ္စတစ်ခု ပြဿနာတစ်ခုကို ဖြေရှင်းဖို့
သင်နဲ့ထပ်တူကျဖို့ ဘယ်တော့မှအတင်းအကြပ်မကြိုးစားပါနဲ့

ကောင်းဖို့အတွက် စေတနာနဲ့ပြောတာရယ်
ဝင်ရောက်စွတ်ဖက်တာရယ်က မတူဘူးဆိုတာသိပါ...

မိတ်ဆွေကောင်းဆိုတာ
သူ့စည်းကိုယ့်စည်း ၂ခုစလုံးကို
မပြောဘဲနဲ့အလိုလိုနားလည်ရပါတယ်။

ကောင်းတာတွေကိုလက်ခံနိုင်သလို
မကောင်းတာတွေအတွက်လည်း စည်းမကျော်စေဘဲ လက်ခံပေးနိုင်မှသာ
ဘယ်သူနဲ့မဆို လက်တွဲနိုင်မှာပါ။

ဒါကြောင့်
မချစ်ခင်က  မမုန်းဖို့အတွက်
ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။

စည်းကလေးတွေ မနင်းမိအောင်ပေါ့....
ဘောင်ကလေးတွေ မကျော်မိအောင်ပေါ့...

#credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON