published at :

            ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေကို ဘယ်အရာနဲ့မှပြန်လည်ရယူလို့မရတော့ကြောင့် လက်ရှိအချိန်ကိုပဲ ပြုပြင်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ တိုးတက်မှုကို လိုချင်တဲ့သူတွေဟာ ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင် မရောက် မချင်း အကျိုးမဲ့အချိန်ဖြုန်းခြင်းတွေကို ရှောင်ကြဉ်လေ့ရှိကြပြီး လေ့လာသင်ယူစရာတွေကို အမြဲသင်ယူနေကြ သလိုတိုးတက်မှုရှိအောင်လည်း အမြဲလုပ်ဆောင်နေကြတာတွေ့ရပါတယ်။ အချိန်တွေသာ ကုန်ဆုံးသွားခဲ့တယ် တိုးတက်မှုမရှိဘူးဆိုရင် တစ်ခုခုမှားယွင်းနေပြီဆိုတာကို နားလည်သဘောပေါက်ရမှာ ဖြစ်ပါတယ်။ ပြောင်းလဲ သွားတဲ့ ၂၀၁၈ခုနှစ်မှာတိုးတက်မှုတွေပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ၂၀၁၇ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့အရာတွေ ထဲက အနည်းငယ်ပြောင်းလဲမှုတွေကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

            ပထမဆုံးအနေနဲ့ကတော့ ချက်ချင်းလုပ်ကိုင်လို့ရမယ့်အလုပ်တစ်ခုကို အကြောင်းမဲ့အချိန်ဖြုန်းပြီး လုပ် လေ့ရှိတဲ့အကျင့်ရှိခဲ့မယ်ဆိုရင် ပြင်ရမှာပဲ ဖြစ်ပါ တယ်။ အလုပ်တစ်ခုကို သတ်မှတ်ထားတဲ့အချိန်မှာ ပြီးစီးအောင် လုပ်ဆောင်တာထက် တိကျတဲ့လုပ်ဆောင်နိုင်မှုအတိုင်းအတာတွေနဲ့ ပိုမိုမြန်ဆန်စွာ လုပ်ဆောင် ခြင်းဟာ ကိုယ် ကိုယ်ကိုတိုးတက်မှုရှိစေသလို၊ အမှားအယွင်းရှိ မရှိပြန်လည်ဆန်းစစ်လို့ရတာကြောင့်လုပ်ငန်းအတွက် တိုးတက် မှုရှိစေမှာဖြစ်ပါတယ်။

            အစီအစဉ်ရေးဆွဲတဲ့အလေ့အကျင့်တစ်ခုကိုလုပ်ဆောင်ပါ။အလုပ်တစ်ခုကို အလျင်စလိုလုပ်ဆောင်တာ ထက် မလုပ်ခင်မှာအစီအစဉ်ရေးဆွဲပြီး စနစ်တကျ လုပ်ဆောင်မယ်ဆိုရင် တိုးတက်မှုမြန်ဆန်မှာဖြစ်သလို အချိန် ကို ချွေတာနိုင်မှာလည်းဖြစ်ပါတယ်။ စိန်ခေါ်မှုဆိုတာအရာရာတိုင်းမှာရှိပါတယ်။ အခြားသူကို စိန်ခေါ်တာထက် စာရင် မိမိကိုယ်မိမိ စိန်ခေါ်မှုအသစ်တွေကို ဖန်တီးပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ကြိုးစားရပါမယ်။ ဒီနေ့လုပ်ဆောင် နိုင်တာထက် မနက်ဖြန်မှာ ပိုမိုလုပ်ဆောင်နိုင်ဖို့ ကိုယ်ကိုယ်ကို ကြိုးစားနေရမှာပဲ ဖြစ်ပါတယ်။

            ကိုယ်လုပ်ဆောင်ခဲ့တဲ့အရာတွေအတွက် ပြန်လည်ဆန်းစစ်ပါ။ ကိုယ်ကတော့ အကောင်းဆုံးအရာတွေ၊ အမှန်တွေလို့ထင်ပြီးလုပ်လိုက်တဲ့အရာတွေရှိပေမဲ့ တစ်ခါတလေမထင်မှတ်ထားဘဲ လွဲချော်မှုတွေရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်ခဲ့တဲ့အရာတွေအတွက် အခြားသူဝေဖန်တာကိုမစောင့်ဘဲ ကိုယ်ကိုယ်ကို ပြန်လည်ဆန်းစစ် ရပါမယ်။ဆိုရှယ်မီဒီယာအသုံးပြုမှုကို တတ်နိုင်သလောက် လျော့ချမှုပြုလုပ်ပါ။တစ်နေ့တာ အလုပ်ပင်ပန်းမှုတွေ ကြောင့် ကိုယ်ပိုင်အချိန်တွေမှာ ဆိုရှယ်မီဒီယာ၊ဖျော်ဖြေရေးတွေကို အသုံးပြုကြတာဖြစ်ပေမဲ့ တိုးတက်မှုလိုချင် တဲ့သူတွေကတော့ ကိုယ်ပိုင်အချိန်တွေမှာ လေ့လာမှုတစ်ခုခုကို ပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်။
            နောက်ဆုံးအနေနဲ့ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်တစ်ခုပြုလုပ်ပါ။ကိုယ်ကိုအခြားသူတစ်ယောက် က ကူညီလုပ်ကိုင်ပေးတဲ့အခါမျိုးမှာ မမေ့လျောဘဲ ကျေးဇူးတင်ပါတယ်လို့ ပြောဆိုရမှာဖြစ်ပါတယ်။ ဒီလိုပြော ခြင်းနဲ့ အပြန်အလှန်ရင်းနှီးမှုတစ်ခုရစေပြီး တကယ်လိုအပ်မှုရှိလာတဲ့အခါမျိုးတွေမှာလည်း နောက်ထပ်အကူ အညီ ထပ်တောင်းဆိုနိုင်မှာလည်းဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON