published at :

             ပြောင်းလဲခြင်းဆိုတာအချိန်တိုင်းဖြစ်ပေါ်နေပါတယ်။ ကိုယ်ရဲ့ဘဝအတွက်တိုးတက်ဖို့အတွက် အခြား သူတွေရဲ့ လုပ်ဆောင်မှုထက် ကိုယ်ကိုယ်ကို တိုးတက်အောင်လုပ်တာ အမှန်ကန်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ကိုပြောင်းလဲရောက်ရှိလာပြီဖြစ်တာကြောင့် ဒီနှစ်အတွက် ပြောင်းလဲခြင်းတွေကို စတင်လုပ်ဆောင်ဖို့ ကြိုးစားရမှာပဲဖြစ်ပါတယ်။ပြောင်းလဲတိုးတက်ဖို့အတွက် ပြင်ဆင်ရမယ့်အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

(၁)    ကျန်းမာရေးကောင်းအောင်လေ့ကျင့်ပါ။ ကျန်းမာရေးကောင်းမွန်ခြင်းဟာအကောင်းဆုံးဆုလဒ်ဆိုတဲ့အတိုင်း တိုးတက်မှုတွေလုပ်ဆောင်ဖို့အတွက် ကျန်းမာ နေဖို့  လိုအပ်ပါတယ်။

(၂)    ကိုယ်ကိုယ်ကိုဂရုစိုက်ပါ။လူတွေဟာကိုယ်ကိုယ်ကို ဂရုစိုက်မှုပြုလုပ်ကြပေမဲ့ စိတ်ဖိစီးမှုတွေများလာတဲ့အခါ ဂရုစိုက်မှုတွေလျော့ နည်းတတ် ပါတယ်။ တကယ်တော့ စိတ်ဖိစီးမှုများတဲ့အချိန်မှာ ကိုယ်ကိုယ်ကို ပိုဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။

(၃)    ဘာသာစကားအသစ်တစ်ခု သင်ယူနိုင်ဖို့ လေ့လာပါ။ တိုးတက်လာတဲ့ခေတ်မှာ ဘာသာစကားကျွမ်းကျင်မှု ဟာ ဘဝရဲ့တိုးတက်မှုအတွက် အကောင်းဆုံး အထောက်အကူ တစ်ခုဖြစ်လာမှာပဲ ဖြစ်ပါတယ်။

(၄)    ဒီနှစ်အတွက် လုပ်ဆောင်ရမယ့် တိကျတဲ့ရည်ရွယ်ချက်ကို ချမှတ်ပါ။

(၅)    ဖန်တီးမှုအသစ်၊ တွေးခေါ်မှုအသစ်တွေကို ပြုလုပ်နိုင်အောင် လုပ်ဆောင်ပါ။

(၆)    ကိုယ်ရဲ့ တွေးခေါ်ထားတဲ့အကြောင်းအရာတွေကို လုပ်ဆောင်နိုင်ဖို့ နည်းလမ်းရှာဖွေပါ။

(၇)    သင်ယူလေ့လာစရာရှိတာတွေကို ဆက်လက်သင်ယူပြီး ကိုယ်ကိုယ်ကို တိုးတက်မှုရှိအောင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

(၈)    စွန့်စားပြီး လုပ်ကိုင်ရမယ့်အကြောင်းအရာမျိုးတွေ ရှိခဲ့မယ်ဆိုရင်လည်း သတ္တိရှိရှိ၊ မှန်ကန်စွာလုပ်ကိုင်နိုင်ဖို့ ပြင်ဆင်ရပါမယ်။

(၉)    အခက်အခဲတစ်ခုခုကို ရင်ဆိုင်ရတဲ့အခါ အကောင်းဆုံးဖြေရှင်းနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အခက်အခဲ ဆိုတာ အောင်မြင်ခြင်းတွေဆီကို သွားဖို့ လှေကား ထစ်တွေပဲ ဖြစ်ပါတယ်။

(၁၀)    ရည်မှန်းချက် မြှင့်မြှင့်ထားပါ။ တိုးတက်ချင်တဲ့သူတွေဟာ ရည်မှန်းချက်ကြီးကြီးမားမား ထားပြီး ရောက်ဖို့ အတွက် ပုံမှန်ကြိုးစားကြပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON