published at :

             အောင်မြင်ကျော်ကြားတဲ့သူတွေအကြောင်းဖော်ပြတာ နိုင်ငံရပ်ခြားကသူတွေအကြောင်းပဲ များခဲ့လို့ မြန်မာနိုင်ငံက ကမ္ဘာ့အသိအမှတ်ပြုခံသူတစ်ဦး အကြောင်းဖော်ပြလိုက်ပါတယ်။ အဲ့ဒီသူကတော့ ကမ္ဘာ့ကုလသမဂ္ဂ မှာ ဥရောပနိုင်ငံတွေက မဟုတ်ဘဲ အထွေထွေအတွင်းရေးမှူးတာဝန်ကို ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံက ဦးသန့် ပဲ ဖြစ်ပါတယ်။ ဦးသန့် ဟာ ကုလသမဂ္ဂရဲ့ တတိယမြောက်အထွေထွေအတွင်းရေးမှူးဖြစ်ပြီး ၁၉၆၁ ခုနှစ် ကနေ ၁၉၇၁ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။အောင်မြင်ကျော်ကြားတဲ့သူတွေပြောခဲ့တဲ့စကားတွေဟာ နောက်လူတွေအတွက်လေ့လာ မှတ် သားသင်ယူစရာတွေချည်းဖြစ်တာကြောင့် ဦးသန့်ရဲ့ပြောစကားတွေထဲက လူငယ်တွေအတွက်မှတ်သားသင့်တဲ့ အကြောင်း အရာလေးတွေကို ဖော်ပြလိုက်ပါတယ်။

  •  ရည်ရွယ်ချက်ရှိပါ။ ရည်ရွယ်ချက်မရှိတဲ့သူတစ်ယောက်ဟာ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို မသိတဲ့သူ ဖြစ်ပါတယ်။ဘယ်သူမဆို ငယ်ငယ်တုန်းက ရည်မှန်းချက်တော့ရှိကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရည်မှန်းချက်အောင်မြင်တဲ့သူရှိသလို မအောင်မြင်တဲ့သူတွေလည်းရှိပါတယ်။ ရည်ရွယ်ချက်ရှိတဲ့သူဟာ ရည် ရွယ်ချက်မရှိတဲ့သူတစ်ယောက်ထက် ရည်မှန်းချက်ဖြစ်မြှောက် အောင်မြင်ဖို့ အခွင့်အရေးပိုများပါတယ်။

  • သူများနဲ့မတူအောင်လုပ်ပါ။ သူများဖောက်ထားပြီးတဲ့လမ်းအတိုင်းသွားမယ်ဆိုရင် အဆင်ပြေနိုင်ပေမဲ့ ကိုယ်ပိုင်လမ်းသစ်တစ်ခုဖောက်နိုင်မယ်ဆိုရင် ကိုယ်ရရှိလာမယ့်အောင်မြင်မှုဟာ အရမ်းကိုကျေနပ်စရာ ကောင်းမှာဖြစ်ပါတယ်။ အောင်မြင်ကြီးပွားသွားတဲ့သူအများစုဟာ ကိုယ်လမ်း ကိုယ်ဖောက်ပြီး လျှောက်ခဲ့ရတဲ့ သူတွေများပါတယ်။ သူများရဲ့ပုံစံကို ကူးယူပြီးသူအတိုင်းလိုက်လုပ်နေမယ်ဆိုရင်တော့ သူရခဲ့တဲ့ အောင်မြင် မှုထက် ကိုယ်က ဘယ်တော့မှ ပိုရနိုင်မှာမဟုတ်ပါဘူး။

    • အများသဘောမလိုက်ပါနဲ့။ အများသဘောသည်အမှားပေါ၏ ဆိုတဲ့အတိုင်း မှားဖြစ်နိုင်ခြေများတဲ့ အတွက် တစ်ခါတလေမှာကိုယ်ရဲ့ရည်ရွယ်ချက် သဘောထားနဲ့ မကိုက်ညီတဲ့အကြောင်းအရာတွေကို အများ သဘောဆန္ဒအရ လိုက်လျောရတာမျိုးတွေမဖြစ်အောင်သတိထားရပါမယ်။ ကိုယ်ပိုင်မဆုံးဖြတ်ရဲတဲ့သူ တစ် ယောက်ကို ဘယ်သူကမှ အထင်ကြီးလေးစားမှာ မဟုတ်ပါဘူး။
    •  ပြုပြင်ရန်မကြောက်နဲ့။ အရာအားလုံးပြောင်းလဲနေတဲ့ခေတ်မှာ အဝတ်အစား၊အပြောအဆို၊ အနေအထိုင်၊ အယူအဆတွေ ပြောင်းလဲနေ ပါတယ်။ ခေတ်ရှေ့ ကြိုပြေးနိုင်ဖို့ အရေးမကြီးဘူးဆိုပေမဲ့ ခေတ်နဲ့အတူလိုက် လျောညီထွေမှုရှိအောင် ပြောင်းလဲပြုပြင်မှုတွေ ပြုလုပ်ရ ပါမယ်။  ခေတ်ဟောင်း မှာပဲ နေခဲ့လို့ မရပါဘူး။
    • အယုံမလွယ်နဲ့။ မစဉ်းစား၊မချင့်ချိန်ဘဲမယုံပါနဲ့။ အခြားသူတစ်ယောက်ပြောတဲ့အကြောင်းအရာ၊ အဖြစ် အပျက်ဆိုတာ အကုန်လုံးအပြည့်အဝမှန် ပါမယ်လို့ တထစ်ချယုံကြည်နေတဲ့အကျင့်ကိုဖျောက်နိုင်ဖို့ ကြိုးစား ရပါမယ်။အောင်မြင်ခဲ့တဲ့သူတိုင်းဟာ ချင့်ချိန်စဉ်းစားဆုံးဖြတ်ပြီး အကောင်း ဆုံးသော နည်းလမ်းတွေကို ရှာဖွေ ခဲ့လို့သာ အများအထင်ကြီးလေးစားရတဲ့သူတွေဖြစ်လာတာပဲ ဖြစ်ပါတယ်။


    (မှတ်ချက် ။ ။ ကြီးပွားရေးမဂ္ဂဇင်းတွေဖော်ပြထားသော ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့် ရေးသည့် စကားငါးခွန်းအမည်ရှိဆောင်းပါးကို မှီငြမ်းပြီးရေးသားထားခြင်းဖြစ်ပါသည်။ မူရင်းရေးသားသူ၏ အမည်မပါ သည့် အတွက် မူရင်းရေးသားသူကို Credit ပေးပါသည်။)


    Author Picture.


    Published

    Proudly published with NyanCMS


    ×


    NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


    ALL RIGHTS RESERVED © 2024 New Challenges
    FOLLOW US ON