published at :

လူတောတိုး၊လူရာဝင်သူများတွင်ရှိတတ်သည့် အရည်အချင်းများ  


1. နေရာလဲပြီး စဉ်းစားတတ်ခြင်း

သူများနေရာဝင်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုး ဖြစ်တယ်။
တစ်ယူသန်ခြင်း ၊ အတ္တကြီးခြင်း၊ ဗိုလ်ကျခြင်းများ ကင်းသူများ ဖြစ်ကြတယ်။


2.ပတ်ဝန်းကျင်ကို ၀င်ဆန့်လွယ်ခြင်း
သတ္တလောကကြီးဟာ ဘယ်လိုတရားသဘောနဲ့ပဲပြည့်ဝနေပါစေ၊ ၀င်ဆန့်နိုင်တဲ့ သတ္တဝါ နေရာယူသွားတာ များပါတယ်။
လူသားတွေလည်း ဒီလိုပါပဲ ၊ အရည်အသွေးထိန်းထားနိုင်တဲ့ လူဟာ ရပ်တည်မှု ရှည်ကြာ သွားတာပါ။


3.သူများ အပေါ် သဘောထားကြီးခြင်း
လူရာဝင်ကြတဲ့သူများ ဟာ သဘောထားကြီး ကြပါတယ်။ရက်ရောကြပါတယ်။ အသေးအဖွဲမှာ တွက်ကပ်မနေပါဘူး။

စိတ်ရင်းခံ ကောင်းမွန်ခြင်းဟာလဲ အရေးကြီးပါတယ်။ စိတ်ရင်းခံ ကောင်းမွန်ခြင်းဟာ အမူအကျင့်ကောင်း တစ်မျိုး ဖြစ်ပါတယ်။


4.မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ခြင်း
အပြောထက် အလုပ်ကို ဦးစား ပေးကြသူများ ဖြစ်ကြတယ်။
မိမိကိုယ်ကိုနှိမ့်ချနေထိုင်ခြင်းဖြင့် ရန်သူ နည်းပါးစေတယ်။ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ့ရှိစေနိုင်ပါတယ်။


5.သူတစ်ပါးကို ရက်ရက်ရောရော ချီးမွမ်းခြင်း

ချီးမွမ်း တတ်ခြင်းကြောင့် သင်လူချစ်လူခင် ပေါများလာပါလိမ့်မယ်။
ချီးမွမ်းခြင်းဟာ သူများကောင်းကွက်ကို ဖေါ် ထုတ်အသိ အမှတ်ပြုခြင်း ဖြစ်ပြီး ဖားတတ်ခြင်းဟာ အကျိုးမျော်လို့ ညောင်ရေလောင်းခြင်း သာဖြစ်တယ်။


6.ယဉ်ကျေးခြင်း

အခြေအနေ အချိန်အခါအလျောက် ယဉ်ကျေးမှုရှိပါ။


7.မိမိကိုယ်မိမိ စမ်းစစ်တတ်ခြင်း
သူများအပြစ်ကို ထိုင်ပြောနေရင် ကိုယ့်အတွက် အကျိုး မရှိပါ။
 မိမိကိုယ်  မိမိ စမ်းစစ် တတ်မှသာလျှင် တစ်စ တစ်စ ပိုမို တိုးတက်သွားမှာပါ။


8. ကျေးဇူး တင်တတ်ခြင်း
ကျေးဇူးတင်ရင် ကျေးဇူးရဲ့ အကျိုးကို ခံစားရပါတယ်။
ကျေးဇူးတင်တတ်တဲ့ လူ ဖြစ်အောင် အရင် ကြိုးစားပါ။


9.အချိန် တိကျခြင်း
အချိန်ကိုလေးစားခြင်းဟာ သူတစ်ပါးကို လေးစားခြင်းဖြစ်ပါတယ်။


10.သည်းခံတတ်ခြင်း
ဘယ်ကိစ္စကြုံကြုံ တည်ငြိမ်ဖို့ လိုပါတယ်၊ သည်းခံတတ်ဖို့ လိုပါတယ်။
တစ်ခါတစ်လေ သူများ သင့်ကိုဘယ်လိုမြင်တယ် ဆိုတာ အရေးမကြီးပါဘူး။


11.ကတိတည်ခြင်း

မတည်နိုင်တဲ့ ကတိကို ပေးမယ့်အစား ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို ကတိပေးပါ။
ကတိမတည်တဲ့ လူဟာ စီပွားကြီးကြီးမားမား ဖြစ်ဖို့ ခက်ခဲ တတ်ပါတယ်။


Crd

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON