published at :

မိတ်ဆွေတို့ရေ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လာပါပြီ တကယ်လို့ သင့်ဘဝမှာ ဒါတွေမလုပ်ဖူးသေးရင် 2022 နှစ်သစ်စတင်ချိန်မှာ ဒီအလေ့အကျင့်အသစ်တွေကို စတင်လုပ်ကြည့်ဖို့ အကြံပြုပါရစေ။

(၁) တောင်းပန်ပါ
 ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် ကိုယ်ကအရင်စပြီး တောင်းပန်လိုက်ပါ။ သူ့ကို ကိုယ်တောင်းပန်လိုက်တာက အောက်ကျတယ်၊ ကိုယ်မမှားဘူးဆိုတာထက်ကိုယ်တွေကြားကဆက်ဆံရေးကို တန်ဖိုးထားခြင်းအတွက် လုပ်ဆောင်တာပါလို့ ခံယူလိုက်ပါ။


(၂) ချစ်ခင်မြတ်နိုးပါ
 ပြီးပြည့်စုံတဲ့သူတစ်ယောက်ကိုရှာဖွေလက်တွဲမှချစ်ခြင်း
လို့မည်တာမဟုတ်ပါဘူး။လူတိုင်းကပြီးပြည့်စုံလှပနေတာ မရှိပါဘူး။ မပြည့်စုံတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့ ပြီးပြည့်စုံတဲ့ မျက်လုံးတစ်စုံနဲ့ကြည့်ရှုပြီးချစ်ခင်စုံမက်ပါ။


(၃) တည်ငြိမ်ပါ
 လူတစ်ယောက်ကို တစ်သက်လုံးမပြောင်းလဲပဲ ချစ်ဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လူတစ်ယောက်ကို ချစ်ခင်နေတဲ့အချိန်မှာတော့ မပြောင်းလဲတဲ့ စိတ်ထားနဲ့ ချစ်ပါ။


(၄) အဆင့်တန်းမြင့်စွာနေထိုင်ပါ
လူတစ်ယောက်ရဲ့ အဆင့်တန်းကို သူဝတ်ဆင်ထားတဲ့ Branded အသုံးဆောင်တွေနဲ့ မဆုံးဖြတ်ပါနဲ့ ။ ပင်ကိုစရိုက်ကြောင့် ဖြစ်ပေါ်လာတဲ့ သွင်ပြင်နဲ့ စိတ်ဓာတ်အဆင့်အတန်းကို ဆုံးဖြတ်ပါ။


(၅) အရှိန်အဝါနဲ့နေပါ
ရာထူးဂုဏ်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှိန်အဝါထက် ပင်ကိုယ်သဘောထားကြီးပြီးကောင်းမွန်တဲ့အတွေးခေါ်ရှိတဲ့သူရဲ့ကိုယ်ရှိန်ကိုယ်ဝါက ပိုတောက်ပပါတယ်။


(၆) စွဲဆောင်မှုရှိအောင်နေပါ။
လူတစ်ယောက်ရဲ့ စွဲဆောင်မှုအရှိဆုံးက ပိုက်ဆံ၊ အလှအပ တွေထက် ဉာဏ်ပညာရှိခြင်းဆိုတဲ့ စွဲဆောင်မှုက လိမ်းထားတဲ့ မိတ်ကပ်ထက်ပိုပြီး တခြားသူတစ်ယောက်ရဲ့ အမြင်မှာပိုမိုလှပ တင့်တယ်ပါတယ်။


(၇) ခွင့်လွှတ်ပါ  
တစ်ခါတစ်လေလူတစ်ယောက်ကိုခွင့်လွှတ်လိုက်တယ်ဆိုတာက သူ့ရဲ့ အမှားကို ဗွေမယူဘူးဆိုတာထက် သူကောင်းစေချင်တာနဲ့ သူ့ကို လက်လွှတ်ရမှာကို ပိုကြောက်လို့ ခွင့်လွှတ်ပေးလိုက်တာပါ ။

သူတစ်ပါးဆီက ဘာအကျိုး ပကာသနမှ မမျှော်လင့်ပဲ ဘဝကို ဖြတ်သန်းကြည့်ပါ။သင့်ရဲ့စိတ်တွေ ပိုပြီး အေးချမ်းလာပါလိမ့်မယ် ။ နှစ်သစ်မှာ စိတ်သစ်လူသစ် အလေ့အကျင့်အသစ်တွေနဲ့  လုပ်ငန်းခွင်မှာရော လူမှုပတ်ဝန်းကျင်မှာပါ အောင်မြင်ကြပါစေ။

Crd

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON