published at :

ရင်ဆိုင်ပါ

ထွက်မပြေးပါနဲ့
ကြောက်ရင် ၂ခါရှုံးတယ်။


ကျော်ဖြတ်ပါ
လှည့်မထွက်ပါနဲ့
သတ္တိမရှိရင် လူညွန့်တုံးတယ်။


ပြုံးပါ    
မာန နဲ့အသက်မရှင်ပါနဲ့
အထီးကျန်ရင် သေလူ လိုဘဲ။


ချစ်ပါ   
သိုဝှက်မခံစားပါနဲ့
မျိုသိပ်လွန်းရင် နောင်တမျက်ရည် နဲ့သံသရာလည်နေမှာဘဲ။


ယုံကြည်ပါ
သံသယကို ဆုပ်ကိုင်မထားပါနဲ့
စိုးထိတ်လွန်းရင်  သင်နေရတဲ့ ကမ္ဘာ ကျောက်ခေတ်ဖြစ်နေမယ်။


ငိုပါ
ဝမ်းနည်းမှုကိုကြိတ်မှိတ်မျိုမချ ပါနဲ့
ဟန်ဆောင်ရင်းနဲ့ သင့်ကိုယ်သင် ပျောက်ဆုံးသွားလိမ့်မယ်။


တည်ဆောက်ပါ
ဖြစ်သလိုမနေပါနဲ့
နေတတ်သလိုနေရင်းနဲ့ ဘဝ က ဖြစ်ချင်သလိုဖြစ်သွားလိမ့်မယ်။

တန်ဖိုးထားပါ
မေ့ပျောက်မထားပါနဲ့
မရှိလည်းဖြစ်တယ်ဆိုခဲ့ရင် နောင်တစ်ချိန်မှာသင်ကိုယ်တိုင် အစားထိုးခံနေရာ ရောက်လိမ့်မယ်။


စွန့်ပစ်ပါ
အလေးခံသယ်ထားပါနဲ့
မကောင်းတာကိုပဲ သင် ဆက်လက် တွယ်ဖက်ထားမယ်ဆိုရင် သင့်ဘဝ ရေစုန်မျောလိမ့်မယ်။


ရုန်းထွက်ပါ
အတိတ်ကို  ရူးသွပ်မနေပါနဲ့
သိမ်ငယ်စိတ်ဆိုသော ချည်နှောင်တတ်တဲ့ အမျှင်အတန်းက သင့်အနာဂတ်ကို  ပိတ်ဆို့ထားလိမ့်မယ်။


Credit

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON