published at :

'ဘဝမှာ သင်ခန်းစာပေးတဲ့သူဆိုတာ သီးသန့်ရှိတယ်'


တစ်ချို့က အတ္တကို ဖျောက်ပြီး အပြုံးနဲ့ကြိုတယ်။
တစ်ချို့ကျ အတွင်းစိတ်က ကောက်သလောက် အပြင်ပန်းက ချိုတယ်။
တစ်ချို့က အရှိကိုအရှိအတိုင်းပဲ ဟန်ဆောင်မှုကင်းတယ် ၊ ဒါကြောင့်လူမုန်းများတယ်။


လူတွေဆိုတာ ကိုယ့်အမြင်နဲ့ ကိုယ့်အထင်နဲ့ လွဲတာတွေရှိနေတတ်ပြီး အပြုံးနဲ့ကြိုသူကို စိတ်ထားကောင်းတယ်ထင်တတ်ကြတယ်။
အမြင်နဲ့သက်မှတ်ပြီး လူတိုင်းကို ကိုယ့်လိုထင်နေတတ်ကြတယ်။ တကယ်တော့ အထင်နဲ့အမြင်လွဲနေတဲ့အရာတွေ အများကြီးပါပဲ။


ဒဏ်ရာတွေအများကြီးယူရင် ပိုနာကျင်မယ့်အတူတူ သင်ခန်းစာယူပါ။

ကိုယ့်အပေါ်ကို ဘယ်လောက်ထိယုတ်မာနေပါစေ မတုန့်ပြန်လိုက်ပါနဲ့။

ပုတ်နေတဲ့အသီးဆိုတာ အချိန်တန်ရင် သူ့အလိုလိုကြွေကျမှာပဲလေ။

သူတစ်ပါးအပေါ် စိတ်ဓာတ်မကောင်းထားတတ်တဲ့ သူတိုင်းက ဘယ်လောက်ပဲ ကောင်းတာတွေလုပ်လုပ်
အချိန်တန်ရင် သူ့ဗီဇအတိုင်း သူ့လုပ်ရပ်တွေက စိတ်ဓာတ်ကို သက်သေပြသွားတာပါ။


လိုရင်တစ်မျိုး မလိုရင်တစ်မျိုး ဆက်ဆံရေးတွေကြားမှာ ဘဝသင်ခန်းစာတွေ အများကြီးရလိုက်မှာပါ။
လူတွေရဲ့ လိမ်ညာလှည့်စား ခံရလေလေ ကိုယ့်အတွက် ပညာရလေလေပါပဲ။
လူတွေကပေးတဲ့ သင်ခန်းစာတွေ များလေလေ ဘဝဖြတ်သန်းမှုအတွက် ပိုရင့်ကျက်စေလာလေပါပဲ။


Credit

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON