" အရာရာဟာ ဧည့်သည်ပါ "
● တစ်ယောက်ယောက်ကထားခဲ့ရင် ဝမ်းမနည်းပါနဲ့။
သင်လျှောက်မယ့်လမ်းကို သူမလိုက်ချင်လို့လည်း ဖြစ်နိုင်သလို၊
သူသွားမယ့်လမ်းမှာ သင့်ကိုမခေါ်ချင်တော့လို့လည်း ဖြစ်နိုင်ပါတယ်။
● ဘယ်ခရီးကိုမှအစအဆုံးတူတူသွားရမယ်လို့ ဘယ်သူကမှ သတ်မှတ်မထားသလို၊
ဘယ်သူလိုက်လိုက် မလိုက်လိုက် ၊ သင်ကတော့သွားနေရဦးမှာ ဖြစ်ပါတယ်။
သင်ပါပါ မပါပါ ၊ သူလည်းဆက်လျှောက်နေမှာ ဖြစ်ပါတယ်။
● တကယ်တော့ ကျွန်တော်တို့က ကံဆုံလို့ သံသရာရထားပေါ်မှာ ခဏလာတွေ့တာကို ဘဝတစ်ခုလုံးစာလို့ ထင်ခဲ့ကြတာပါ။
● ကိုယ်အရင်ဆင်းရတဲ့အခါ သူတို့ကိုပါဆင်းခဲ့ဖို့ ခေါ်ပေမယ့်လည်း သူတို့မလိုက်နိုင်ကြသလို ၊
သူတို့အရင်ဆင်းသွားတဲ့အလှည့်မှာလည်း ကိုယ်လိုက်မသွားနိုင်ခဲ့ဘူး။
● သေချာတာကတော့ သူတို့လည်း မသေမချင်း သူတို့ရွေးထားတဲ့လမ်းကို လျှောက်နေရတာဖြစ်ပြီး
ကိုယ်ကလည်းကိုယ့်လမ်းကိုယ်လျှောက်ရင်း သူတို့နဲ့လမ်းမှာ ခဏတွေ့တာဖြစ်တယ်။
● တွေ့တဲ့အချိန် ခဏလေးမှာ ချစ်ကြ သံယောဇဉ်တွေတွယ်ကြ မုန်းကြ ဆဲဆိုကြနဲ့
အချိန်စေ့ရင် ကိုယ့်လမ်းကိုယ် ပြန်လျှောက်ရမှာပါပဲ။
●ဒါ့ကြောင့် သင့်ဘဝထဲကို လူသစ်တွေဝင်လာရင် သူတို့ပြန်ထွက်သွားမယ့်အချိန်ကိုပါကြိုတွေးထားပါ။
ကိုယ်ထားခဲ့ရမယ့်အချိန်ကို ပြင်ဆင်ထားပြီး သူတို့ထားခဲ့ရင်လည်း ကိုယ်ဘယ်လိုရှင်သန်ပြီးကျန်နေခဲ့ရမလဲဆိုတာလည်း ကြိုစဉ်းစားထားပါ။
သူတို့လာနေတုန်းခဏကို ကိုယ်တတ်နိုင်သလောက် ဧည့်ဝတ်ကျေနိုင်အောင်ကြိုးစားပါ။
သူတို့မရှိရင်လည်း သင်နေတက်အောင် ပြင်ဆင်ထားပါ။
● အပြုံးတွေတောင် ခဏပဲခံရင် အမုန်းတွေကို အကြာကြီးမွေးမထားပါနဲ့၊ အငြိုးအတေးတွေကို အရောင်မတင်ပါနဲ့။
တွေ့တွေ့ချင်းတောင် ဝမ်းသာအားရနှုတ်ဆက်ကြရင် ၊
ပြန်ချိန်ရောက်ရင်လည်းဖက်တွယ်မထားပဲလမ်းခွဲတက်အောင်ကြိုးစားပါ။
● ကျွန်တော်တို့ဘဝနဲ့ ကျွန်တော်တို့နှလုံးသားတွေထဲမှာ အကြာကြီးရှိမနေမှာသေချာတဲ့သူတွေနဲ့
အကြာကြီးဖြစ်နေမှာ မဟုတ်တဲ့ ကိစ္စတွေကိုထည့်ပြီး သော့ခတ်မထားပါနဲ့။
ခဏလာပြီး ခဏနေပြန်ထွက်သွားမယ့် ဘယ်သူ့ကိုမဆိုအတင်းအကြပ် ဆုပ်ကိုင်မထားပါနဲ့။
မသွားပါနဲ့လို့ မတားပါနဲ့
ဝင်လာပါစေ... ပြန်သွားချင်သွားပါစေ
လာနေတုန်းခဏတာလေးမှာ ပြုံးနေပြီး ပြန်ထွက်သွားရင်လည်း မငိုပဲနဲ့ပြုံးထားပါ။
မိတ်ဆွေ ....
ကျွန်တော်တို့အားလုံးဟာလည်း ဘဝရဲ့ ဧည့်သည်တွေပါပဲ။
Crd