published at :

" ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါ "


ကိုယ့်ကို ပူလောင်စေမဲ့အရာ မှန်သမျှ လျစ်လျူရှုတတ်လာတယ် ။
အဆုံးမှာ နာကျင်စေတတ်တဲ့ အရာမှန်သမျှလက်ကာပြတတ်လာတယ် ။


တစ်စုံတစ်ယောက်ကြောင့် ရလာတဲ့ပျော်ရွှင်မှု ဆိုတာထက်
ကိုယ်မှားသွားတဲ့ အမှားတစ်ခုကိုပဲ ပို စိတ်ဝင်စားလာတယ်။


အမှားထဲက အမှန်ကို ပြန်ရှာမယ်၊ ပြန်ပြီး ပြုပြင်မယ်။
ဒီနေ့အမှားအတွက် မျက်ရည်ကျချင် ကျမယ်၊အော်ငိုရင် ငိုမယ်။


နောက်နေ့မှာ...
မနေ့ကနေ့အစား နှစ်ဆပျော်ရွှင်မယ် ။


နောက်ပြီး
ဘဝမှာ မပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကိုယ်စား ဒီနေ့တိုင်းမှာ နှစ်ဆပိုပျော်မယ်။


ကိုယ့်ကိုယ်မလိုအပ်တဲ့သူတွေနဲ့ ကင်းနိုင်သမျှ ကင်းအောင်နေမယ်။
ကိုယ့်ကိုယ်ချစ်တဲ့သူတွေအတွက်ပဲ အချိန်ပေးမယ် ။


အမှားတွေနဲ့ မကင်းတဲ့ လူ့လောကထဲ အမှားနည်းနိုင်သမျှ နည်းအောင် ဘဝကို နေထိုင်လိမ့်မယ်။


Credit


Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON