published at :

              လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ လူ ၁၀ ယောက်မှာ ၉ ယောက် လောက်က စားမေးပွဲတစ်ခု ဒါမှမဟုတ် စစ်ပွဲတစ်ခုခု မှာ သုံး လေးကြိမ်လောက်   ကျဆုံးပြီးသွားရင် စိတ်ဓာတ်ကျပြီး ပြန်ထနိုင်ဖို့  အင်မတန်ခက်ခဲပါတယ်။ ဆိုလိုတာက လူတိုင်းနီးပါး ပါပဲ၊ကျွှန်တော် အပါအ၀င်ပေါ့။ ဒီတော့ ကျွှန်တော်တို့ အောင်မြင်အောင် ဘယ်လိုလုပ်ကြမလဲ။
      
       (၁) အမှားတွေက နေသင်ခန်းစာယူပါ။
       (၂) စာဖတ်ပါ။
       (၃) ကြိုတင်ပြင်ဆင်ပါ။

       (၁) အမှားတွေက နေသင်ခန်းစာယူပါ။
               ငယ်ငယ်တည်းက ပုစ္ဆာတစ်ပုဒ်တွက်လို့ မှားသွားရင် အရင်ဆုံးသိရမှာက ဘာမှားသွားလဲ ဆိုတာပါပဲ။ မှားနေတဲ့ အရာကိုရှာတွေ့မှသာ မှန်အောင်ပြင်ပြီး ရှေ့ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

       (၂) စာဖတ်ပါ။
               ဗလ ငါးတန် ထဲမှာပါတဲ့ ဥာဏ ဗလ ကလည်း အရေးပါတဲ့နေရာမှာပါဝင်နေပါတယ်။ ဒီနေရာမှာ ပြောချင်တာက စိတ်ခွန်အားပေးနိုင်မယ့် စာမျိုးတွေကိုပဲ ဦးစားပေးဖတ်ခိုင်းစေချင်တာ ဖြစ်ပါတယ်။ စိတ်ဓာတ်ခွန်အားဖြစ်လေ နောက်လာမယ့် တိုက်ပွဲအတွက် အနိုင်ရဖို့ အခွင့်လမ်းများလေပါပဲ။

       (၃) ကြိုတင်ပြင်ဆင်ပါ။
                ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းက ပြီးပြည့်စုံချင်းကို ဖြစ်စေပါတယ်။ ပထမတစ်ကြိမ်ကျဆုံးပြီးတိုင်း နောက်ဖြစ်လာမယ့် အရာတွေအတွက် စိတ်ပိုင်းဆိုင်ရာမက ရုပ်ပိုင်းဆိုင်ရာ အတွက်ပါ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ၁၀တန်း စာမေးပွဲ ဖြေသလိုပေါ့။ မနက်ဖြန်ဖြေမယ့် ဘာသာအတွက် ခေါင်းထဲမှာ စာတွေရှိနေဖို့လိုသလို အိပ်ရေးဝနေမှ ပိုပြီးထိရောက်မှာဖြစ်ပါတယ်။
ဒါတွေ အားလုံးက balance ပါပဲ။ ညီမျှစွာ လုပ်ဆောင်နိုင်ခြင်း ရှုထောင့်စုံ လေလေ မိတ်ဆွေတို့ရဲ့ အောင်မြင်မှူ ပန်းတိုင်ကို နီးလေလေပါပဲ။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON